ဝက်ဆိုက်စာမျက်နှာတွေဟာသင့်လုပ်ငန်းရဲ့ အင်တာနက်ပေါ်က ဆိုင်တွေပါပဲ။ အင်တာနက်ပေါ်က ဆိုင်တစ်ခုလို မလည်ပတ်ရင်တောင်အနည်းဆုံးတော့ ပန်းဖလက်တွေ လက်ကမ်းစာစောင်တွေလို၊ မဂ္ဂဇင်းတွေ ဂျာနယ်တွေလို ပေးချင်တဲ့ အချက်အလက်တွေကို ထိထိရောက်ရောက် ပေးနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ဝက်ဘ်ဆိုက်များတည်ဆောက်ဖို့ အတူဆွေးနွေးတိုင်ပင်ပြီး အဆင်ပြေဆုံးနည်းလမ်းများကို ရွေးချယ်ပေးပါတယ်။ Domain တစ်ခုနဲ့ အင်တာနက်မှာ သင့်လုပ် ငန်းရဲ့စာမျက်နှာရှိနေခြင်းဟာ ယုံကြည်မှုများစွာရှိစေပါတယ်။ အခြားအသုံးတည့်တဲ့ရည်ရွယ်ချက်များစွာဖြင့်လည်းလုပ်ငန်းအလိုက် ဝက်ဘ်ဆိုက်များထားရှိကြပါတယ်။
App တွေဟာ လုပ်ငန်းနဲ့ စားသုံးသူကြားခံ နည်းပညာများဖြစ်ပြီး လုပ်ငန်းရှင်များအတွက် လုပ်ငန်းကိုပိုမိုစနစ်တကျ ကိုင်တွယ်နိုင်သည့်အပြင် အသုံးပြုသူများအတွက်လည်း အဆင်ပြေပြေ ဝယ်ယူနိုင်တာဖြစ်ပါတယ်။ တချို့လုပ်ငန်းလည်ပတ်မှုများတွင် လူသားအသုံးပြုမှုထက် နည်းပညာကိုခံပြီး လူသားက စီမံခြင်းဟာ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်ပါတယ်။ သင့်လုပ်ငန်းများအတွက် ခေတ်မှီနည်းပညာများဖြင့် မည်သို့တည်ဆောက် သင့်သည်ကို product အခြေပြု အခြေခံမှအစ ဆွေးနွေးပြီးတည်ဆောက်ပေးပါတယ်။ iOS နှင့် Android အပြင် browser မှတိုက်ရိုက်ထည့်သွင်းနိုင်တဲ့ progressive web app များလည်း လိုအပ်သည့်အခြေအနေအရ ရွေးချယ်ဖို့ဆွေးနွေးပေးပါတယ်။
သင်ဟာ အင်တာနက်မှာ ဈေးရောင်းတယ်ဆို ယခုခေတ်မှာ ကိုယ်ပိုင် online store တစ်ခုကိုပါ တည်ဆောက်ထားတာ ခက်ခဲတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ရှိပြီးသား online store platform တွေ Dashboard တွေနဲ့ လည်ပတ်ဖို့ ကူညီတိုင်ပင် တည်ဆောက်ပေးရုံတင်မကပဲ သင့်လုပ်ငန်းလိုအပ်ချက်အရ custom တည်ဆောက်ရမည့် online store များအတွက်လည်း UI UX များမှအစ သေသေချာချာဖန်တီးရေးဆွဲပေးပါတယ်။ မိမိ Facebook page ကနေ store ကိုတန်းသွားပြီး ဈေးဝယ်နိုင်အောင် သီးခန့် ဈေးဝယ်တဲ့ store ကိုတိုက်ရိုက်ချိတ်ဆက်ပေးသည့် store အနေနဲ့ ထားလျှင်လည်း အရောင်းအတွက်အလုပ်မရှုတ်တော့ပဲ စနစ်ပေါ်မှာပဲ ဈေးဝယ်ခြင်းပြီးမြောက်နိုင်ပါတယ်။
Point of Sale လို့ခေါ်တဲ့ အရောင်းစနစ်များဟာလည်း ယနေ့အခါမှာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်ကစလို့ အရောင်းနဲ့သက်ဆိုင်တဲ့နေရာမှာ ကျယ်ပြန့်စွာအသုံးပြုနေသည်မှာ အတော်ကြာပြီဖြစ်ပါတယ်။ POS အသုံးပြုခြင်းကြောင့် အရောင်းစာရင်းများကို သီးသန့်ရေးမှတ်နေရတာမျိုးတွေမလိုအပ်ပဲ ပစ္စည်းအရေအတွက်မှစ၍ ဖောက်သည်၏အချက်လက်များကိုပါ ထိန်းထားနိုင်ပြီး အရောင်းကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်လို့ လုပ်ငန်းများ၌မရှိမဖြစ် ဆော့ဖ်ဝဲထဲမှာ ပါပါတယ်။ ရှိပြီးသား POS များကိုအသုံးပြု နိုင်သလို သင့်လုပ်ငန်း၏ ပုံစံအလိုက်လည်းတည်ဆောက်ပေးပါတယ်။
UI UX လိုခေါ်တဲ့ User Interface and Experience တွေလာအသုံးပြုသူတွေအတွက် နားလည်ရလွယ်ကူပြီး ဆောင်ရွက်ချင်တဲ့ အလုပ်ကို သေချာထိရောက်စွာ ဖန်တီးဖို့လိုပါတယ်။ သင့်လုပ်ငန်းများ၏ ဝက်ဘ်ဆိုက်ဒီဆိုင်းများ၊ app နှင့် ဆော့ဖ်ဝဲ၍ အမြင်ဒီဇိုင်းများ၊ အသုံးပြုပုံများကို သီးသန့်ဝန်ဆောင်မှုပေးပါတယ်။ ကျွနုပ်တို့ရေးသားပေးသော ဝက်ဘ်ဆိုက်များနှင့် ဆော့ဖ်ဝဲများအတွက်လည်း သင်လိုချင်သောဒီဇိုင်းဖြစ်စေ၊ ကျွန်ုပ်တို့မှ လုပ်ငန်းသဘောသဘာဝကိုလေ့လာပြီး ပိုမိုအဆင်ပြေတဲ့ ဒီီဇိုင်းဖြစ်စေ ခေတ်မှီအသုံးတည့်သည့် ဦးတည်ချက်များဖြင့် ရေးဆွဲပေးပါတယ်။
သင့်လုပ်ငန်းမှ ပြည်တွင်းမှာ ဖောက်သည်များဖြစ်စေ၊ ပြည်ပနိုင်ငံမှဖောက်သည်များဖြစ်စေ အီလက်ထရောနစ် ပေးချေမှုများအတွက် payment gateway များချိတ်ဆက်ပေးပါတယ်။ သင့်လုပ်ငန်း တရားဝင်သည့် နိုင်ငံဒေသအလိုက်အသုံးပြုနိုင်တဲ့ gateway များကို ချိတ်ဆက်နိုင်ပြီး လုပ်ငန်းလိုအပ်ချက်အရ အသင့်တော်ဆုံးစနစ်ကိုရွေးချယ်ဖို့ သေချာဆွေးနွေးတိုင်ပင်ပေးပါတယ်။ ပြည်တွင်းသီးသန့် ပေးချေမှု အပြင် ပြည်ပပေးချေမှု နှင့် ပြည်တွင်းပြည်ပ ပေးချေမှုများအတွက် သင့်၏ ဖောက်သည်များ အဆင်ပြေပြေပေးချေနိုင်ဖို့ payment gateway များအသုံးပြုသင့်ပါတယ်။
ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် ၂၄ နာရီအတွင်းပြန်လည်ဖြေကြားပေးပါတယ်။ အရေးကြီးသည့်ကိစ္စရပ်ပေါ်မူတည်ပြီး တတ်နိုင်သမျှ အစောဆုံး ပြန်လည်ဖြေကြားပေးပါတယ်။ နည်းပညာအကျွမ်းတဝင်မရှိတဲ့ ဖောက်သည်များအတွက်လည်း ကိုယ်ပိုင် လုပ်ငန်းလိုတွေးပြီး မလိုအပ်ပဲ ကုန်ကျစာရိတ်မများအောင် တတ်နိုင်သမျှ တကယ်လိုအပ်သည့်အရာများကို ဦးစားပေးထည့်သွင်းအသုံးပြုဖို့ အမြဲ အကြံပြုပေးပါတယ်။ သင့်လုပ်ငန်းကို အဆင့်မြှင့်ချင်ပေမယ့် နည်းပညာဟာ ကိုယ်နားလည်တဲ့ နယ်ပါယ်မဟုတ်လျှင်လည်း ကျွန်ုပ်တို့ကို ဆွေးနွေးတိုင်ပင်ဖို့ အမြဲစောင့်ကြိုနေပါတယ်။